ကျရောက်ဆဲ၊ကျရောက်လတ္တံ့သောဘေးအန္တရာယ်အပေါင်းကင်းဝေးစေသည့် စက်ကြီး၁၃ပါးဂါထာတော်

 
စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာတော်ကြီးကို နေ့ စဉ် ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက်ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့အပြင် အမိ၊ အဘ၊ ဆရာသမားစသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာအတူနေထိုင်ရသော အကျိုးကိုလည်းရရှိစေပါသည်။ ဤဂါထာတော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစားရွတ်ဆိုပွားများသင့်ပါသည်။ ဂါထာတော်ကို ရွတ်ဆိုပွားများပြီးသောအခါ မိမိ၏ကိုယ်စောင့်နတ်အပါအဝင် နတ်တို့အားအမျှပေးဝေပါ။ လမ်းခရီး၌အန္တရာယ်တစ်စုံတစ်ခုကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအားကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြပါလိမ့်မည်။

Post a Comment

0 Comments